
NexLynk သည် မြန်မာနိုင်ငံအတွင်းရှိ ဘာသာစကားသင်ယူလေ့လာခြင်းအား ပိုမိုဆန်းသစ်ပြောင်းလဲလာစေရန် ရည်ရွယ်၍ နည်းစနစ်ကျကာ အရည်အသွေးမြင့်မားသော ပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးကာ သင်ယူလေ့လာသူများအား နိုင်ငံအတွင်း ထိပ်တန်းအဆင့် ဘာသာစကားသင်တန်းကျောင်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ကျောင်းသား/သူများ ဘာသာစကားအရည်အချင်း တိုးတက်လာစေရန်နှင့် ကမ္ဘာတစ်ဝန်းတွင် အခွင့်အလမ်းများ ရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပံ့ပို့ပေးလျက်ရှိပါသည်။

စိတ်ကူးအမြင်
တီထွင်ဆန်းသစ်သော၊ စမတ်ကျပြီး နည်းစနစ်ကျသည့် သင်ယူလေ့လာခြင်း ဖြေရှင်းချက်များမှတဆင့် ငယ်ရွယ်သော သင်ယူလေ့လာသူများအား ကမ္ဘာတစ်ဝန်း ချိတ်ဆက်၍ ထိပ်တန်းဘာသာစကား သင်ယူမှုပလက်ဖောင်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

လုပ်ဆောင်ရန် တာဝန်များ။
“မနက်ဖြန်သော အနာဂတ်နေ့ရက်တွေကို ချိတ်ဆက်ဖို့အတွက်၊ဒီနေ့ပဲလေ့လာလိုက်ပါ - စနစ်ကျသောလေ့လာမှုများရဲ့တံခါးပေါက်” ငယ်ရွယ်သော သင်ယူလေ့လာသူများအား ဒေသအတွင်းရှိ ဘာသာစကားသင်တန်းကျောင်းများနှင့် ချိတ်ဆက်ပေးခြင်း၊ နည်းစနစ်တကျ ဖွဲ့စည်းထားကာ ဆန်းသစ်သော အသွင်အပြင်နှင့် ဘာသာစကား အွန်လိုင်းပညာရေးနည်းစနစ်အား ရရှိနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များအား ပံ့ပိုးပေးပါသည်။

ရည်မှန်းချက်ပန်းတိုင်များ။
အခြေခံအဆင့်မှစ၍ ထိပ်ဆုံးအဆင့်သို့ရောက်သည်အထိ ကိုက်ညီသည့် ဘာသာစကား သင်ကြားပို့ချမှုများအား နည်းစနစ်တကျ ပံ့ပိုးပေးကာ ဘာသာစကား ရွေးချယ်နိုင်သည့် နယ်ပယ်ကျယ်ပြန့်စေခြင်းဖြင့် သင်ယူလေ့လာနေသူများအတွက် အမျိုးမျိုးသော ယဉ်ကျေးမှုများနှင့် ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းများအား ပံ့ပိုးပေးလျက်ရှိပါသည်။

NexLynk မှ ကြိုဆိုလိုက်ပါတယ်!
NexLynk သည် ဘာသာစကားများကို အလွယ်တကူ လေ့လာသင်ယူနိုင်ပြီး ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရန် သင့်အတွက် တံခါးပေါက်ဖြစ်ပါသည်။ သင်ယူလေ့လာသူများကို ယုံကြည်စိတ်ချရသော ဒေသဆိုင်ရာ ဘာသာစကားသင်တန်းကျောင်းများမှ အရည်အသွေးမြင့်မားသော သင်တန်းများနှင့် ချိတ်ဆက်ပေးပြီး သင်ယူလေ့လာသူများထံ အဆင့်မျိုးစုံနှင့် ကိုက်ညီအောင် ကမ်းလှမ်းပေးလျက်ရှိကာ အမျိုးမျိုးသော ခက်ခဲမှုအဆင့်များအတွက် သင်ရိုးများအား ပိုမိုကောင်းမွန်အောင် ပြင်ဆင်မွမ်းမံလျက်ရှိပါသည်။ သင်တန်းပို့ချသူနှင့် သင်ယူလေ့လာသူကြား အပြန်အလှန် ချိတ်ဆက်ပြီး နည်းစနစ်ကျသော သင်ခန်းစာများမှ တဆင့် သင်ယူလေ့လာသူများ၏ ရည်မှန်းချက်များ ပြည့်ဝစေရန် ပံ့ပိုးပေးလျက်ရှိပါသည်။
NexLynk ဟူ၍ နာမည်ဖြစ်တည်လာရသည့် အကြောင်းရင်း။
「Nex」 သည်「 Next Generation - အနာဂတ်မျိုးဆက် 」ဟု အဓိပ္ပါယ်ဖော်ဆောင်၍ အနာဂတ်မှာ သင်ယူလေ့လာသွားမည့်သူများအား ထောက်ပံ့ပေးသည့် သဘော ရည်ညွှန်းပါသည်။
「Lynk」 သည် 「Link - ချိတ်ဆက်ခြင်း」အားဖော်ပြ၍ ဆန်းသစ်တီထွင်သော နည်းစနစ်ကျသည့် သင်ကြားရေး ဖြေရှင်းချက်များမှတဆင့် ငယ်ရွယ်သော သင်ယူလေ့လာသူများထံ ချိတ်ဆက်ပေးသည့် တာဝန်အား ဆောင်ရွက်ပေးလျက်ရှိပါသည်။

သင်တန်းများအား မိတ်ဆက်ပေးခြင်း။
သင်ယူလေ့လာသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဒီဇိုင်းထုတ်ထားပြီး မတူကွဲပြားသည့် သင်တန်းများကို ပြင်ဆင်ပေးထားပါသည်။ ထိပ်တန်းအဆင့် သင်တန်းပို့ချသူများထံမှ ဗီဒီယိုသင်ခန်းစာများနှင့် ဆန်းသစ်ပြီး လွယ်ကူသော ကိရိယာအသုံးပြုမှုများကို သင်ယူလေ့လာခြင်းဖြင့် အကျိုးသက်ရောက်မှုရှိပြီး ထိရောက်မှုရှိစေရန် ပံ့ပိုးပေးပါသည်။ ပြောင်းလဲမှုဖြစ်ပေါ်စေရန် NexLynk နှင့်အတူ အသစ်သစ်သော သင်ယူလေ့လာမှုများကို မိမိကိုယ်တိုင် တိုးတက်မှုအတွက် (သို့မဟုတ်) ပညာရေးဆိုင်ရာ တိုးတက်မှုအတွက် ဘာသာစကားအသစ်များအား သင်ယူလေ့လာလိုသည့်သူများအပါအဝင် ပိုမိုကောင်းမွန်သော လုပ်ငန်းလုပ်ကိုင်လိုသူများအတွက်လည်း အောင်မြင်တိုးတက်မှုလမ်းကြောင်းပေါ်သို့ လမ်းပြခေါ်ဆောင်ပေးသွားမည့် အသင့်တော်ဆုံးသော သင်ယူလေ့လာရေးရပ်ဝန်းတစ်ခုအား ပံ့ပိုးပေးလျက်ရှိပါသည်။

လမ်းညွှန်မှုများ ပံ့ပိုးပေးခြင်းနှင့် သင်တန်းအောင်မြင်ပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်။
ကျွန်ုပ်တို့ကုမ္ပဏီ၏ သင်တန်းများသည် တရားဝင်အသိအမှတ်ပြု ပညာရေးစံနှုန်းများနှင့် ကိုက်ညီပြီး၊ ခရီးတစ်လျှောက် ခိုင်မာသောလမ်းညွှန်ပြသမှုများကို ဆောင်ရွက်ပေးပါသည်။ ဘာသာစကားကျွမ်းကျင်မှု အရည်အချင်းကို အတည်ပြုပေးသည့် သင်တန်းပြီးဆုံးအောင်မြင်ကြောင်း အထောက်အထားပြ အသိအမှတ်ပြု လက်မှတ်အား ရရှိနိုင်ကာ အသစ်အသစ်သော အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ကမ်းလှမ်းပေးကာ လုပ်ဆောင်နိုင်မှုအလားအလားများ ကျယ်ပြန့်လာစေပါသည်။
NexLynk သည် သင်ယူလေ့လာသူများအတွက် ဘာသာစကားစွမ်းရည်ကို အပြည့်အဝအသုံးချနိုင်စေရန် ရည်ရွယ်၍ ဆွဲဆောင်မှုရှိကာ ဆန်းသစ်ပြီးစစ်မှန်ပြည့်ဝသည့် သင်ယူလေ့လာမှုရပ်ဝန်းတစ်ခုအဖြစ် ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ပါသည်။
NexLynk နှင့် ပတ်သက်၍ ပိုမိုသိရှိခြင်း
ပွင့်လင်းမြင်သာမှု။
ပွင့်လင်းမြင်သာသော ဆက်သွယ်ချိတ်ဆက်မှုများနှင့် ရှင်းလင်းပြီး စစ်မှန်တိကျသော လုပ်ငန်းစဉ်များမှ တဆင့် ယုံကြည်အားထားရသော ပူးပေါင်းဆောင်ရွက်မှုအား တည်ဆောက်ပေးပါသည်။
ချိတ်ဆက်နိုင်ခြင်း။
ကျွန်ုပ်တို့သည် သင်ယူလေ့လာသူများတိုးတက်အောင်မြင်နိုင်စေရန် ရည်ရွယ်၍ တူညီသော အခွင့်အလမ်းများနှင့် သင်ကြားမှုအရင်းအမြစ်များကို ပံ့ပိုးပေးလျက်ရှိပါသည်။
ဆန်းသစ်တီထွင်ခြင်း။
ကျွန်ုပ်တို့သည် အသစ်သစ်သော စိတ်ကူးအကြံဉာဏ်များနှင့် ဆန်းသစ်သော နည်းပညာများအား ထည့်သွင်းထားကာ ရေရှည်တိုးတက်မှုများလုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးပါသည်။
ရေရှည်တိုးတက်ပြောင်းလဲမှု။
ရေရှည်တည်မြဲသော အောင်မြင်မှုကိုရရှိနိုင်စေရန်၊ အလားအလာရှိသော တိုးတက်မှုကိုအကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်အတွက် လူသားအရင်းအမြစ်နှင့် သင်ယူမှုအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံခြင်း။
ဂျပန်စာပေမှစတင်၍ ကမ္ဘာတစ်ဝှမ်းလုံးရှိ ဘာသာစကားအမျိုးမျိုး သင်ကြားပို့ချမှုများအား ကမ်းလှမ်းပေးနိုင်ရန် ရည်ရွယ်ပြီး သင်ယူလေ့လာသူများကို အမျိုးမျိုးသော ဘာသာစကားနှင့် ယဉ်ကျေးမှုများအား ထိတွေ့နိုင်မည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးကာ ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးဆီသို့ ချိတ်ဆက်ပေးလျက်ရှိပါသည်။




